မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြည်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈၀ ဦး လွတ်ငြိမ်းခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြည်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈၀ ဦး လွတ်ငြိမ်းခွင့်ပြု





ပြည်၊ ဧပြီ ၁၇

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်မှ အကျဉ်းသား ၆၈ဦး၊ အကျဉ်းသူ ၁၂ ဦး စုစုပေါင်း ၈၀ ဦးအား ၎င်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ နိုင်ငံတော်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။

လွတ်ငြိမ်းခွင့်ပြုရာတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပြည်အကျဥ်း‌ထောင်မှူးနှင့်တာဝန်ရှိသူများက အဆိုပါလွတ်ငြိမ်းခွင့်ရအကျဉ်းသား၊ အကျဉ်းသူများကို ဆုံးမဩဝါဒစကားများပြောကြားပြီး ၎င်းတို့နေရပ်ထံပြန်လည်ရောက်ရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လွတ်ငြိမ်းခွင့်ရရှိသူများ၏ မိသာစုဝင်‌ဆွေမျိုးများက ဝမ်းမြောက်ဝမ်းသာ လာရောက်ကြိုဆိုကြကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)