တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်၊ ကျေးရွာ/ရပ်ကွက်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှု ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်၊ ကျေးရွာ/ရပ်ကွက်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှု ကျင်းပပြုလုပ်



နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂ ရက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် အင်အားပြင်းမြေငလျင်   လှုပ်ရှားမှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှု များကို  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ အသီးသီးကျင်းပ ပြုလုပ်ကြသည်။

ထိုသို့  ကျင်းပပြုလုပ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် များ၊ ရပ်ကွက်/ကျေးရွာများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ယနေ့  မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် နိုင်ငံတော် အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သတ်စွာ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာ သူများက ထိုအချိန်တွင် တစ်မိနစ် ငြိမ်သတ်စွာ ရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ ဉဩဆွဲ ဂါရဝပြုခြင်း၊ မီဒီယာများအနေဖြင့် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်များအား ခေတ္တရပ်ဆိုင်း၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် Logo များ ထုတ်လွှင့်ခြင်း၊ သက်ဆိုင်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဘုရားစေတီများ၊ ဘုရားကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာပို့သခြင်း၊ အန္တရာယ် ကင်းပရိတ်များ ၊ ဆုတောင်းစာများ ရွတ်ဆိုခြင်းနှင့် အမျှအတန်းပေး ဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)