ချမ်းအေးသာစံ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်တော်ရှိ ကျောက်သေတ္တာစေတီတော်၏ ထိခိုက်ခဲ့မှုနှင့် ဘေးပတ်ဝန်းကျင်အန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က မန္တလေးငလျင်ကြီးနှင့် နောက် ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်ခဲ့ပြီးနောက် ကျောက်သေတ္တာစေတီတော် ထိခိုက်ခဲ့မှု၊ တောင်ခြေအနီးတစ်ဝိုက် အန္တရာယ်မဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှု၊ ကျောက်သေတ္တာစေတီတော်အား မူလက်ရှိအတိုင်းခိုင်ခံ့စေရေး ထိန်းသိမ်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ကျောက်သေတ္တာစေတီတော်အား လက်ရှိအတိုင်းခိုင်ခံ့စေရေး ကျောက်တုံးအောက်ခြေတွင် Cement Grouting နည်းလမ်း၊ မြေထိန်းနံရံကဲ့သို့ သင့်တော်မည့် နည်းလမ်းများဖြင့် စီမံဆောင်ရွက်နိုင်ရေး နည်းပညာရှင်၊ အတတ်ပညာရှင်များ၏ အကြံဉာဏ်များ ရယူ၍ လမ်းညွှန်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်းက ကျောက်သေတ္တာစေတီတော်နှင့် ပတ်သက်၍ အသေးစိတ်အား Drone ဖြင့် ရိုက်ကူးမှတ်တမ်းယူ၍ စောင့်ကြည့်ဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့မှ သိရှိလိုသည်များ မေးမြန်းပြီး Geo-tech ပညာရှင် ဒေါက်တာယုမောင်နှင့်အဖွဲ့အား ဖိတ်ကြား၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းအား အမြန်ဆုံး ပြန်ကြားသွားမည်ဖြစ်ကြောင်း သတင်းရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment