ရွှေတောင်မြို့နယ်တွင် ငလျင်ဘေးကြောင့် ကွယ်လွန်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ငလျင်ဘေးကြောင့် ကွယ်လွန်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ







ရွှေတောင်၊ ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့အလံတိုင်ရှေ့တွင် ငလျင်ဘေးကြောင့် ကွယ်လွန်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။

၂၀၂၅ခုနှစ်၊ မတ်လ၂၈ ရက် ၁၂း၅၁နာရီ ချိန်က ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိန်းအမှတ် အဖြစ် တစ်မီနစ်ငြိမ်သက်၍ နိုင်ငံတော်အလံအား ဦးညွတ်ဂါရဝပြုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း အင်အား( ၁၀၇) ဦးခန့်တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ရွှေတောင်မြို့ ၊ ယွန်းတန်းရပ်ကွက်၊ ရွှေမျက်မှန်ဘုရားတွင်သံဃာတော်များမှ ရတနသုတ်၊မေတ္တာသုတ်ဝဋသုတ်၊ ဗောဖ္ဈင်္ဂသုတ် ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင် များမှ သံဃာတော်များအား အအေးကပ်လှူ၍ ဝတ္ထုအလှူငွေများလှူဒါန်းခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

#MyanmarEartquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)