ရွှေတောင် ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၁၃၈၇ခုနှစ်၊ မြန်မာနှစ်ဆန်း ( ၁) ရက်နေ့ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ နာယကဆရာတော်၊ ဥက္ကဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်သံဃာတော် ( ၅) ပါးတို့မှ ကြွရောက်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ညနေပိုင်းအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဥ်ဖြင့် အန္တရာယ်ကင်း ပရိတ်ရေများအား ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စုမှ နွားမယံကျေးရွာအုပ်စုထိ ရန်ကုန် - ပြည်ကားလမ်းတစ်လျှောက် ပရိတ်ရေများ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment