ဘင်္ဂလားဒေ့ရှ်ကို သွားမလည်ဖို့ အမေရိကန်အစိုးရက နိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်ကို သွားမလည်ဖို့ အမေရိကန်အစိုးရက နိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန်


ဧပြီ - ၂၀ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးအခြေအနေများ ပြောင်းလဲလာပြီး ပြည်တွင်းမငြိမ်မသက်မှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်ဝါဒများ ဖြစ်ပေါ်နေသဖြင့် နိုင်ငံသားများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်ရန်နှင့် ဘင်္ဂလားဒေ့ရှ် ရှိ အမေရိကန်သားများအနေနဲ့ ဆန္ဒပြပွဲများနှင့် နိုင်ငံရေး စုဝေးမှု အမျိုးမျိုးကို ရှောင်ရှားရန် ထုတ်ပြန်ထားပါတယ်။

ယမန်နှစ် ဇူလိုင်လတွင် စတင်ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုများ လအတန်ကြာပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် တရားဥပဒေစိုးမိုးရေး အခြေအနေ ပြင်းထန်လာချိန်တွင် ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော အစိုးရကို ဆန့်ကျင်သော လူထုအုံကြွမှု ဖြစ်ပေါ်လာခဲ့ပြီး ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်ကာ မြို့တော် ဒါကာမှ ထွက်ပြေးပြီး အိန္ဒိယတွင် ခိုလှုံနေသောကြောင့်  ၁၆ နှစ်ကြာအုပ်စိုးခဲ့သည့် သူမ၏ အဝါမီလိဂ်  အစိုးရပြုတ်ကျသွားပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် အနည်းဆုံး လူ ၃၀၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက်တွင် မိုဟာမက် ယူနွတ်စ် က ယာယီ အကြံပေးအရာရှိအနေနဲ့ ယာယီအစိုးရတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ထားပါတယ်။ 

စစ်တကောင်းတောင်တန်းဒေသများသို့ ခရီးသွားလာသူများအား "ဤဒေသများသို့ ခရီးသွားရန် စီစဉ်ပါက ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုအပ်ပါတယ်။ အန္တရာယ်များကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လုပ်နေသော အမေရိကန်အစိုးရဝန်ထမ်းများသည် ဒေသသို့ ခရီးသွားခြင်းကို တားမြစ်ထားပါတယ်။ အဆိုပါဒေသများသို့ မည်သည့်အကြောင်းကြောင့်မျှ ခရီးသွားခြင်း မပြုရ" လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 


REF: The Indian express

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)