မြစ်ကြီးနားမြို့ရှိ အသက်(၇၈)နှစ်အထက် သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့ရှိ အသက်(၇၈)နှစ်အထက် သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနှင့်အညီ ပူဇော်ကန်တော့


နေပြည်တော်၊ ဧပြီ ၁၈

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၂ ရက်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ရှိအသက်(၇၈)နှစ်အထက်သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့များအား မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့ရှိ သက်ကြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက အသက်(၇၈)နှစ်အထက် အပူဇော်ခံသက်ကြီး စစ်မှုထမ်းဟောင်းများအား ရှိခိုးကန်တော့၍ ကန်တော့ခံပစ္စည်းများပေးအပ်ရာ သက်ကြီးစစ်မှုထမ်းဟောင်းများ ကိုယ်စား စစ်မှုထမ်းဟောင်း တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ မတက်ရောက်နိုင်သည့် အပူဇော်ခံသက်ကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌက ကန်တော့ခံပစ္စည်းများနှင့် အလှူငွေများ လက်ခံရယူသည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အပူဇော်ခံသက်ကြီးစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)