မြေငလျင်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အဦနှင့် လူနေအဆောက်အဦများကို ပညာရှင်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေငလျင်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အဦနှင့် လူနေအဆောက်အဦများကို ပညာရှင်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိ

 






နေပြည်တော်၊ ဧပြီ ၂

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအတွက် ပညာရပ်ဆိုင်ရာ စစ်ဆေးရေး အထောက်အကူပြုအဖွဲ့အား ဒေသ အလိုက် ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့သည် ပျက်စီးသွားသော အဆောက်အအုံများအား ခေတ်မီစမ်းသပ် ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက် အဦနှင့် ပြုပြင်၍မရ ဖယ်ရှားရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦများအဖြစ် ခွဲခြားသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများ ဖော်ထုတ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်များ၊ အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံ တည်ဆောက် ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ပညာရှင်များ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ပညာ ရှင်များ၊ အထူးလုပ်ငန်းကော်မတီမှ ပညာရှင်များ ပါဝင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများ နှင့်အတူ နေပြည်တော်တွင် စတင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ငလျင်ဒဏ်ခံရသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)