မိုင်းယောင်းမြို့၌ မေတ္တာပို့ဆုတောင်းပွဲနှင့် ရှေး‌‌ဟောင်းဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ မေတ္တာပို့ဆုတောင်းပွဲနှင့် ရှေး‌‌ဟောင်းဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲ ကျင်းပ




မိုင်းယောင်း , ဧပြီ ၁၄


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကပ်ဘေးအပေါင်းမှ ကင်းဝေးစေရန် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးနှင့် စပ်လျဉ်း၍ မေတ္တာပို့ဆုတောင်းပွဲနှင့် ဟိုခုံပရိယတ္တိစာသင်တိုက်ရှိ ရှေး‌‌ဟောင်းဘုရား(ဖကျောက်တစ်) နှစ်ဆူအား မြို့တွင်းလှည့်လည်ပူဇော်ပြီး ဘုရားရေသပ္ပာယ်ခြင်း အခမ်းအနားကို သင်္ကြန်အကျနေ့က ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော အမှူးပြုသော သံဃာတော် ၃၆ ပါး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ တိုင်းလိစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဖြူစင်မိုင်းယောင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအသင်းဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား ၄၅၀ ဦး တက်ရောက်ပူဇော်ကြည်ညို၍ ဘုရားရေသပ္ပာယ်ပြီး မဟာသင်္ကြန်အကျနေ့ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးသင်္ကြန်အား ဒါန၊ သီလ၊ ဘာဝနာစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)