ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားခြင်း စတုဒိသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားခြင်း စတုဒိသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်




ဒဂုံတောင် , ဧပြီ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက် ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၈ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့  စတုဒိသာ သင်္ကြန်မဏ္ဍပ်၌ ဆောင်ရွက်ကြကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ရိုးရာမပျက်ရေပက်ကစားကြပြီး သင်္ကြန်ချစ်သူပြည်သူများအား စတုဒိသာများကျွေးမွေးကြ‌ကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်များ၌လည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အေးချမ်းစွာရေကစားခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲ ကြောင်းသိရှိရသည်၊၊


သန်းသန်းအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)