ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ လမ်းလျှောက်မဟာသင်္ကြန်ကို အေးချမ်းစွာပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ လမ်းလျှောက်မဟာသင်္ကြန်ကို အေးချမ်းစွာပါဝင်ဆင်နွှဲ

 




ရန်ကုန် ,  ဧပြီ ၁၆


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ လမ်းလျှောက်မဟာသင်္ကြန်ကို ယမန်နေ့နံနက်ပိုင်းက အေးချမ်းစွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ သင်္ကြန်ရေကစားနိုင်ရန် တာဝန်ရှိသူများက ရင်ပြင်ပတ်လည်၌ စတုဒိသာမဏ္ဍပ်များ ထားရှိပေးပြီး ၎င်းအလယ်တွင် လောင်းလှေငယ်များထားရှိထားကာ ပြည်သူများတစ်ဦးနှင်တစ်ဦး ချစ်ခင်စွာ စုပေါင်းရေကစားကြပြီး မြန်မာသနပ်ခါးလိမ်းခြယ်ပေးကြသည်။


ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေး ရန်ကုန်လမ်းလျှောက်မဟာသင်္ကြန်တွင်လည်း ရန်ကုန်မြို့တော်သူမြို့တော်သားများ သင်္ကြန်ရေအေးကိုစုပေါင်းကာ အေးချမ်းသာယာစွာ ကစားကြကာ သင်္ကြန်ပျိုလေးများက မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ သနပ်ခါးလိမ်းခြယ်ကာ သရုပ်ဖော်ခဲ့ကြောင်း သိရသည်။


အောင်မြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)