ညောင်ရွှေ , ဧပြီ ၁၆
မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့သည်။
ယခုအခါ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပြန်လည် ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ်ဖောင်တော်ဦး ဘုရားပွဲတော်ကာလအမီ ပြီးစီးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့်လုပ်သားများဖြင့် အရှိန်အဟုန်မြှင့်ပြုပြင်မွမ်းမံ လျက်ရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှအလှူရှင်များက အလှူငွေများထည့်ဝင်လှူဒါန်းကုသိုလ်ပါဝင်ကြရာ ယနေ့အထိ စုစုပေါင်းထည့်ဝင်လှူဒါန်းငွေ (၁၀၃,၆၉၆,၀၀၀/-)ကျပ် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ
https://t.me/MyanmarNationalPost
No comments:
Post a Comment