ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ပေါ် ကျောင်းတိုက်များသို့ သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ပေါ် ကျောင်းတိုက်များသို့ သွားရောက်ကြည့်ရှု




နေပြည်တော်၊ ဧပြီ ၁၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်ရှိ ငါးဆူကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိမြတောင်ကျောင်းတိုက်များသို့ သွားရောက်၍ ကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အဆိုပါ ကျောင်းတိုက်များရှိ ငလျင်ဒဏ် ကြောင့်ပျက်စီးခဲ့သည့်နေရာများအား အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ငါးစို့ကျောင်းတိုက် နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာချမ်းမြေ့အောင် ကျောင်းတိုက်များသို့ သွားရောက်၍ ကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် အဆိုပါကျောင်းတိုက်များရှိ ငလျင်ဒဏ် ကြောင့်ပျက်စီးခဲ့သည့် နေရာများအား အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)