နေပြည်တော်၊ ဧပြီ ၃၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၇ ရက်နေ့ ၀၈၀၅ အချိန် ပြင်ဦးလွင်မြို့နယ်၊ ဘိုးနေဒွန်းကျေးရွာအုပ်စု၊ ဘိုးနေဒွန်းကျေးရွာ အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမြင့်မြင့်စန်း(ခ) မိငယ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆၀ ပြား (တစ်ပြားလျှင် ငွေ ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၀၈ ၃၀ အချိန် အဆိုပါနေရာအနီး၌ မနှင်းနှင်းအေး အား စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(တစ်ပြားလျှင် ငွေ ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၀၀) သိမ်းဆည်းရမိခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၇ ရက်နေ့ ၁၄၃၀ အချိန် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာအနီးတွင် လှိုင်မင်းစိုး မောင်းနှင်ပြီး မမို့မို့ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား(တစ်ပြားလျှင် ငွေ ၁,၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၇၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မမြင့်မြင့်စန်း(ခ)မိငယ်(၅၄)နှစ်၊ မနှင်းနှင်းအေး(၃၄)နှစ်၊ လှိုင်မင်းစိုး(၃၆)နှစ်နှင့် မမို့မို့ဝင်း(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment