တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ဆေးဝါးတင်သွင်းမှုတွေမှာ နိုင်ငံ့လုံခြုံရေး ထိခိုက်စေသလားဆိုတာအမေရိကန် စတင်စုံစမ်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ဆေးဝါးတင်သွင်းမှုတွေမှာ နိုင်ငံ့လုံခြုံရေး ထိခိုက်စေသလားဆိုတာအမေရိကန် စတင်စုံစမ်းစစ်ဆေး


တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ ဆေးဝါးတွေကို တင်သွင်းမှုအပေါ် မှီခိုအားထားမှုဟာ နိုင်ငံလုံခြုံရေးကို ထိခိုက်နိုင်သလားဆိုတာ အမေရိကန်အစိုးရ စုံစမ်းစစ်ဆေးနေပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ အဲဒီစုံစမ်းစစ်ဆေးမှုမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်တဲ့စက်တွေနဲ့ ဆေးဝါးတွေရဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုတွေလည်း အကျုံးဝင်တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးမှုတွေဟာ ကုန်သွယ်ရေးတိုးချဲ့မှုအက်ဥပဒေ ပုဒ်မ ၂၃၂ ကို အခြေခံထားတာဖြစ်ပြီး အရင်ကလည်း သံမဏိနဲ့ အလူမီနီယမ်တို့နဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီပုဒ်မက နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်တွေနဲ့ သွင်းကုန်တွေကို ကန့်သတ်ခွင့်ပြုထားပါတယ်။

Trump အစိုးရဟာ အဲဒီစုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်တွေကိုချိန်ဆပြီး ကွန်ပျူတာချစ်ပ်တွေနဲ့ ဆေးဝါးတွေအပေါ် အခွန်စည်းကြပ်မှုတွေပြုလုပ်ဖို့ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေလိုမျိုး တစ်ပိုင်းလျှပ်ကူးပစ္စည်းစွမ်းအင်သုံး အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ချစ်ပ်ထုတ်လုပ်တဲ့ ကိရိယာတွေကို အပြန်အလှန်အခွန်စည်းကြပ်ခြင်းကနေ ကင်းလွတ်ခွင့်ပြုမယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီထုတ်ကုန်တွေအပေါ် ထပ်ဆောင်းအခွန်စည်းကြပ်မှုအသစ်တွေကို ထည့်သွင်းစဉ်းစားနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အဲဒီနယ်ပယ်တွေမှာ ပြည်တွင်းထုတ်လုပ်မှု လိုအပ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က အကြိမ်ကြိမ် အလေးပေးပြောဆိုနေခဲ့ပါတယ်။ သူ့ရဲ့ အကောက်ခွန်မူဝါဒတွေဟာ ထုတ်လုပ်သူတွေက အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်မှုအချက်အချာနေရာတွေ ထူထောင်စေဖို့ ရည်ရွယ်ပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)