Pages

Pages

ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား



အစ္စလာမ်မာဘတ်၊ ဧပြီ ၂၇

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ကက်ရှ်မီးယားဒေသ၌ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အိန္ဒိယမီဒီယာ၏ ဧပြီ ၂၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။

ပါကစ္စတန်မီဒီယာဘက်ကမူ လက်ရှိတွင် သက်ဆိုင်ရာ သတင်းထုတ်ပြန်မှုမရှိသလို ပါကစ္စတန်စစ်တပ်ဘက်ကလည်း သက်ဆိုင်ရာ ထုတ်ပြန်ချက် သို့မဟုတ် အကြောင်းကြားစာ မရှိသေးပေ။

ပါကစ္စတန်စစ်တပ်က ဧပြီ ၂၅ ရက် ညပိုင်းတွင် ကက်ရှ်မီးယား အိန္ဒိယ-ပါကစ္စတန် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်ရှိ အိန္ဒိယစစ်တပ် ကင်းစခန်းကို ပစ်ခတ်ခဲ့ရာ အိန္ဒိယဘက်ကလည်း ချက်ချင်း တုံ့ပြန်ခဲ့ကြောင်း၊ သေဆုံး၊ ဒဏ်ရာရမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း အိန္ဒိယမီဒီယာက သတင်းတွင် ဖော်ပြခဲ့သည်။ ယခုအကြိမ် အသေးစားလက်နက်ဖြင့် အပြန်အလှန် ပစ်ခတ်ခြင်းသည် ပါကစ္စတန်ဘက်မှ အစပြုခြင်းဖြစ်ရာ အိန္ဒိယဘက်က “အထိုက်အလျောက် တုံ့ပြန်မှု” ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယစစ်တပ် သတင်းရင်းမြစ်က ဆိုခဲ့သည်။

အမည်မဖော်လိုသော ပါကစ္စတန်စစ်တပ် တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းထောက်၏ ဧပြီ ၂၆ ရက် မေးမြန်းမှုတွင် အိန္ဒိယမီဒီယာ၏ သတင်းဖော်ပြချက်ကို ငြင်းဆိုခဲ့သည်။ ဧပြီ ၂၅ ရက်တွင် ကက်ရှ်မီးယား အိန္ဒိယ-ပါကစ္စတန် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်၌ ပါကစ္စတန်ဘက်က ပစ်ခတ်မှု မပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၅ ရက် နံနက်အစောပိုင်း၌ ကက်ရှ်မီးယားဒေသတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရမှုဆိုင်ရာ အစီရင်ခံခြင်းမရှိသေးကြောင်း ပါကစ္စတန်နှင့် အိန္ဒိယ တာဝန်ရှိသူများက အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment