Pages

Pages

ဒေးဒရဲမြို့၌ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဆေးဝါးအလှူတော်ပူဇော်ပွဲ ကျင်းပ




ဒေးဒရဲ၊ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ပေါ်ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းများက အငြိမ်းစားရခဲ့ကြသည့် အသက်(၇၀)နှစ်နှင့်အထက် သက်ကြီး၊ ဝါကြီး ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက (၈၃)ကြိမ်မြောက် ဆေးဝါးလှူဒါန်းပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က ဗိုလ်တဲ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက နမောတဿ သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်သူဟောင်းများက   အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၇၂)ဦးအား ပူဇော်ကန်တော်ခြင်းနှင့် ဆေးဝါးအလှူတော်ငွေများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးက ကြည်နှုးဝမ်းသာ သြဝါဒစကားများပြောကြားပေးခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment