ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး သံဃာအပါး (၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး သံဃာအပါး (၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ

 









ပဲခူး၊ ဧပြီ ၁၃

 ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၁၂) ရက်နေ့၊ တန်ခူးလပြည့်နေ့  ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတိုမှ တက်ရောက်လောင်းလှူ ကြည်ညိုခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရန် ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထိုနောက်  ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀)အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ပဲခူးမြို့နယ်အတွင်း ကျောင်းတိုက် အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်နှင့် လှူဖွယ်ဝထ္တုပစ္စည်းများအား စေတနာသဒ္ဓါထက်သန်စွာဖြင့် လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး အား တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ ဧပြီလ(၇)ရက်နေ့မှ ဧပြီလ(၁၆) ရက်နေ့ အထိ(၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိပြီး တန်ခူးလဆန်း(၁၄)ရက်၊ ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်း အချိန်တွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပြုလုပ်ခဲ့သည့်အပြင် တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြိုမိ/ မြိုဖများ၊ လူမှုရေးအသင်းအဖွဲများ၊ စေတနာရှင်ပြည်သူများမှ စုစုပေါင်း၍ ဝတ္တုနှင့် လှူဖွယ်ပစ္စည်းတန်ဖိုးကျပ် (၁၃၁၅)သိန်းကျော် လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)