နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး ပြန်လည်ပြု‌ပြင်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး ပြန်လည်ပြု‌ပြင်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး





နေပြည်တော်  ဧပြီ  ၂၉


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီးကြောင့်  ထိခိုက်ပျက်စီးခဲ့သော ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီးသွားရောက်ပြီး ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြု‌ပြင်နေမှုအား သွားရောက်လှည့်လည်ကြည့်ရှုစစ်‌ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး  ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ရေး၊ စေတီတော်ကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနဦးစီးဌာန၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရေး၊ အလှူရှင်များမှ ပြန်လည်လှူဒါန်းမည့်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ် တော်ဝင်ရတနာလမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီးများအား စက်ယန္တယားများဖြင့် ပြန်လည်ပြုပြင်နေမှုကို သွားရောက်စစ်ဆေးပြီး လမ်းများရေရှည်တည်တံ့ခိုင်မြဲအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းသားများ သိပ်သည်းမှုရှိအောင် စနစ်တကျဆောင်ရွက်ပြီးမှသာ လမ်းခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ လုပ်ငန်းအမြန်ဆုံးပြီးစီးနိုင်ရေးအတွက် စက်ယန္တယားများ၊ လူအင်အားများ တိုးမြှင့်ဆောက်ရွက်စေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)