နေပြည်တော်၊ ဧပြီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ အား ယမန်နေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်က ကော့သောင်းတပ်နယ်ရှိ အောင်သူရခန်းမ၌သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် သည်။
အလားတူ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သက်ဆိုင်ရာတပ်နယ်များရှိ ခန်းမအသီးသီး၌ သွားရောက် တွေ့ဆုံပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment