အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကျင်းပ


ကြံခင်း၊ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ချမ်းသာကြီးဘုရားဓမ္မာရုံ ၌  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက ၉ နာရီခွဲ အချိန်က အဆိုပါဓမ္မရုံတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အ.ထ.က (၁) ကျောင်းမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၃၉ ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းစီ ကျောင်းသား၊ ကျောင်းသူများက ပူဇော်ကန်တော့ကြသည်။ ထို့နောက် ဆရာကြီး၊ ဆရာမကြီးများအား ဦးသက်မျိုးနောင်က ဦးဆောင်၍  ကန့်တော့ကျိုးဖြင့် ကန်တော့ကြပြီး အငြိမ်းစားဆရာကြီး ဦးတင်ဝင်း နှင့် ဆရာမကြီး ဒေါ်ဌေးဌေးမြင့်တို့က ဩဝါဒစကားမွတ်ကြားကြသည်။ 

ဆက်လက်၍  ကျောင်းသား၊ ကျောင်းသူဟောင်းများကိုယ်စား ဒေါ်မိုးမင်းဆန်းက မြတ်ဆရာ ပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကားထပ်မံပြောကြားခဲ့ သည်။ ယင်းနောက် ဆရာကြီး၊ ဆရာမကြီးနှင့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးကြသည်။ အဆိုပါ မြတ်ဆရာပူဇော်ပွဲသို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား အိမ်အရောက် ကန်တော့သွားမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများထံမှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)