နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး Samaritan`s Purse အဖွဲ့မှ လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာတွင် ရေသန့်စက်နှင့် အိမ်သုံးပစ္စည်းများလှူဒါန်းမှုနှင့် ပျဉ်းမနားမြို့တွင် သီရိလင်္ကာဆေးအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး Samaritan`s Purse အဖွဲ့မှ လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာတွင် ရေသန့်စက်နှင့် အိမ်သုံးပစ္စည်းများလှူဒါန်းမှုနှင့် ပျဉ်းမနားမြို့တွင် သီရိလင်္ကာဆေးအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး





လယ်ဝေး ၊  ဧပြီ ၁၉


နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်‌တော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်နှင့် ဝန်ထမ်းများသည် ယမန် နေ့နံနက်ပိုင်းက (Shelter and Non-Food Item (NFI) Program Manager Michael Siney နှင့် အဖွဲ့မှ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ၌ ငလျင်ဒဏ်ကြောင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် ရေသန့်စက်တပ်ဆင်နေမှုအား ကြည့်ရှုအားပေးသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ၊ Samaritan's Purse International Reliefမှ တာဝန်ရှိသူများက ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လှူဒါန်းခြင်း၏ ရည်ရွယ်ချက်များ၊ ရေသန့်စက်အသုံးပြုနည်းများနှင့် အိမ်သုံးပစ္စည်းခုနစ်မျိုးအိတ်တွင် ပါဝင်သည့် ပစ္စည်းများအား အသုံးပြုနည်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ကြို့ပင်သာကျေးရွာမှ အိမ်ထောင်စု ၄၉ စု၊ ရေလဲပေါက်ကျေးရွာမှ အိမ်ထောင်စု ၁၁၆ စုတို့အတွက် ဒုတိယအသုတ်အနေဖြင့် တစ်အိမ်ထောင်လျှင် ပစ္စည်းခုနစ်မျိုး ပါဝင်သည့် အိတ်များအား ပေးအပ်ခဲ့သည်။


နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဆက်လက်၍ ပျဉ်းမနားမြို့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား တပေါင်းကွင်းရှိ မြို့နယ်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း၌ သီရိလင်္ကာနိုင်ငံဆေးအဖွဲ့မှ ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသီရိလင်္ကာနိုင်ငံဆေးအဖွဲ့တွင် ဆရာဝန်၊ သူနာပြု၊ အထောက်အကူပြု စုစုပေါင်း ၁၅ ဦးပါဝင်ကာ ပျဉ်းမနားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မကွေး RRT မှဝန်ထမ်း ၁၄ ဦးတို့နှင့် ပူးပေါင်း၍ လူနာ ၁၁၉ ဦးအား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။


ဝေကြည် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)