အမေရိကန်- ရုရှား ဆွေးနွေးပွဲကိုဖျက်ရန် နိုင်ငံအများအပြားက ကြိုးပမ်းနေတယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်- ရုရှား ဆွေးနွေးပွဲကိုဖျက်ရန် နိုင်ငံအများအပြားက ကြိုးပမ်းနေတယ်လို့ ဆို


ဧပြီ - ၁၈ ( သောကြာနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ရင်းနှီးမြုပ်နှံမှုကိုယ်စားလှယ် ကီရေးလ် ဒီမီထရိဗ်က မော်စကိုနှင့် ဝါရှင်တန်တို့ ကြား ဆွေးနွေးမှုကို ပျက်ပြားစေရန် နိုင်ငံရပ်ခြား နိုင်ငံရေးသမား အများအပြားက ကြိုးပမ်းနေကြောင်း ကြာသပတေးနေ့တွင် သတင်းထောက်များအား ပြောခဲ့ပါတယ်။ ယူကရိန်းပဋိပက္ခအတွက် ပြေလည်မှု ရှာဖွေရန်အတွက် လွန်ခဲ့သည့်အပတ်က စိန့်ပီတာဘတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အထူးကိုယ်စားလှယ် စတိဝစ်ကော့ဗ် က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ဒီမီထရီဗ် က စေ့စပ်ညှိနှိုင်းမှုများကို “အလွန်အကျိုးဖြစ်ထွန်းစေသည်” လို့ ဆိုပေမဲ့  တတိယအုပ်စုများသည် တိုးတက်မှုကို ဟန့်တားရန် ကြိုးစားနေတယ်လို့ ပြောပါတယ်။ “လူပုဂ္ဂိုလ်များ ၊ အသင်းအဖွဲ့များ နဲ့ နိုင်ငံတွေက အမေရိကန်နဲ့ ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေကို အနှောင့်အယှက်ပေးဖို့ ကြိုးစားနေပါတယ်”လို့ဆိုပါတယ်။  "အမေရိကန်ပြည်ထောင်စုထဲမှာကိုပဲ ရုရှားကို ဆန့်ကျင်တဲ့ ဝါဒဖြန့်ချီရေး လှုပ်ရှားမှုတွေ အများကြီးရှိနေတယ်၊ ဒါကြောင့် ဝါရှင်တန်အစိုးရအနေနဲ့ ရုရှားရဲ့ ရပ်တည်ချက်ကို တိုက်ရိုက် ဆက်သွယ်ပြောဆိုဖို့ အရမ်းအရေးကြီးပါတယ်" လို့ ဆိုပါတယ်။ 

“အလွန်အရေးပါတဲ့ ဆွေးနွေးမှုတစ်ခု လုပ်နေပါတယ်။ ဒါဟာ အလွန်ခက်ခဲတဲ့ အခြေအနေမှာ ဆက်ရှိနေမှာ သေချာပါတယ် – အဆက်မပြတ် တိုက်ခိုက်မှုတွေနဲ့ စဉ်ဆက်မပြတ် သတင်းမှားတွေ တင်ဆက်နေပါတယ်။ 

ရုရှား၏ နယ်နိမိတ်အသစ်ကို ယူရိန်းဘက်က အသိအမှတ်ပြုပေးရမှာဖြစ်ပြီး ယူကရိန်းက ကြားနေရေး၊ စစ်မဲ့ရေး နှင့် နျူကလီးယားကင်းစင်ရေး အခြေအနေကို ကတိကဝတ်ပြုမှသာ ယူကရိန်းပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု မော်စကိုက အခိုင်အမာဆိုထားပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)