ဆွမ်းဦးပုညရှင်စေတီတော်ကြီးကို သီတဂူဆရာတော်ဘုရားကြီးပြုပြင် မွမ်းမံမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်းဦးပုညရှင်စေတီတော်ကြီးကို သီတဂူဆရာတော်ဘုရားကြီးပြုပြင် မွမ်းမံမည်








စစ်ကိုင်း၊ ဧပြီ ၁၀

သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကို ၉.၄.၂၀၂၅ ရက်နေ့က သွားရောက်ကြည့်ရှူ့ခဲ့ပါသည်။ ဆရာတော်ဘုရားကြီးနှင့်အတူ တမ္ပဝတီဦးဝင်းမောင်၊ အင်ဂျီနီယာကိုချိုဇော်မင်းတို့ လိုက်ပါခဲ့ကြသည်။ 

ရှေးဦးစွာ ဘုရားကြီး ပျက်စီးမှုအခြေအနေ၏ ရှင်းလင်းထားမှုကို ကြည့်ရှူ့စစ်ဆေးပြီး စေတီတော်ကြီးပြုပြင်မွမ်းမံရန်အတွက် တမ္ပဝတီဦးဝင်းမောင်၊ အင်ဂျင်နီယာကိုချိုဇော်မင်း၊ ဆွမ်းဦးပုညရှင်ဂေါပကများနှင့် တိုင်ပင်ဆွေးနွေးကြသည်။

ဆရာတော်ဘုရားကြီးသည် ပုညရှင်ဘုရားကြီးပြုပြင်မွမ်းမံရန် ဆွေးနွေးပြီးနောက် ရတနာထွဋ်ခေါင်စေတီတော် ပြိုကျပျက်စီးနေမှုကို သွားရောက်ကြည့်ရှူ့ခဲ့သည်။

ထိုနောက်ဆရာတော်ဘုရားကြီးသည် သီတဂူရေပိုက်လိုင်းများ ပြုပြင်နေသော ရေဝန်ထမ်းများကို သွားရောက်အားပေးခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ဘေးဒဏ် ခံခဲ့ရပြီးနောက် စစ်ကိုင်းတွင် ပျက်စီးဆုံးရှုံးမှုများပြားစွာ ဖြစ်ပေါ်ခဲ့ပြီး သီတဂူဆရာတော်ကြီးအနေဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ သံဃာတော်၊ ကိုရင်၊ သီလရှင်၊ မြို့နေပြည်သူများ၏ စားသောက်ရေး၊ ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)