တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ သီတဂူဆရာတော်ကြီးထံ ဘိလပ်မြေတန်ချိန် ၁၅၀၀ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ သီတဂူဆရာတော်ကြီးထံ ဘိလပ်မြေတန်ချိန် ၁၅၀၀ ဆက်ကပ်လှူဒါန်း



စစ်ကိုင်း၊ ဧပြီ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့(အင်းဝ)တံတား ပြိုကျပျက်စီးခဲ့မှုနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး သီတဂူဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များလိုက်ပါ၍ သီတဂူဝိပဿနာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကာ ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော် များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၀၀ နှင့် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၁၅၀၀ တို့ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အား ငလျင်သဘာဝဘေးကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသည့် ရဟန်းသံဃာများ၊ သာသနာနွယ် ဝင်သီလရှင်များနှင့် ပြည်သူအပေါင်းတို့ရရှိစေရန် အမျှပေးဝေကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)