ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ






ကျောက်ဆည်၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်မိသားစုများအား ယနေ့နံနက်ပိုင်းက ဖောင်ရွာရပ်ကွက်ရှိ ဝေဘူချောင်တွင်ယာယီမေတ္တာ ကွန်းခိုရာနေရာ(၂)ကိုဖွင့်လှစ်ထားပြီး  ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်၊ စင်ကာပူရောက် Unity Heart အဖွဲ့၏ လှူဒါန်းမှုဖြင့် ဒေါ်သင်းပျံ့ကြူ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း(ကျောက်ဆည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)နှင့်တပ်ဖွဲ့ဝင်များ၊ ဒေါက်တာမျိုးဝဏ္ဏအောင်(မြဘုရင်) (မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)နှင့်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများပူးပေါင်း၍ အိုးအိမ်များပျက်စီး၍ အမှန်တကယ်နေထိုင်ရန်အဆောက်အဦမရှိသောမိသားစုများအတွက် ယာယီနေထိုင်ရန် စားဝတ်နေရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရန်အတွက်  ယာယီမေတ္တာကွန်းခိုရာနေရာ(၂ )ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြင်စိုင်းရပ်ကွက်၊ ပတ္တာကျေးရွာအုပ်စုမှ မန္တလေးငလျင်ကြီးကြောင့် အိုးအိမ်များပျက်စီး၍ အမှန်တကယ်နေထိုင်ရန် အဆောင်အဦးမရှိသော အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၁၈၅)ဦးအား ယာယီတဲများဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် စားသောက်ဖွယ်ရာများကို (၃)လတိတိကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယာယီမေတ္တာကွန်းခိုရာနေရာ(၁)ကိုလည်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်သင်းပျံ့ကြူဥက္ကဋ္ဌ ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။


စုစုအေး(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)