မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ တိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းတို့၌ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ တိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းတို့၌ ကျင်းပပြုလုပ်





နေပြည်တော်၊ ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ် အခါ သမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။

ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီး၌လည်း မြန်မာ့ရိုးရာအတာ သင်္ကြန်အကျနေ့ကို မြန်မာ့ ရိုးရာအစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်မိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အတာ သင်္ကြန် မဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန်ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွဲ ကြသည်။ 

ထိုသို့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကျင်းပချိန်တွင် ပါဝင်ဆင်နွှဲ ကြသူများကို မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများ၊ သနပ်ခါးသင်္ကြန်ဆင်နွှဲခြင်း၊ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သက်ကြီးဘိုးဘွား များအား ကုသိုလ်ပြုပူဇော်ကန်တော့ကြခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းစသည့်တို့ကို ပြုလုပ်၍ နှစ်ဦးကုသိုလ်ယူခဲ့ကြ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)