ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင် ပြုလုပ်သော ဆီထွက်သီးနှံ(နေကြာ) စံပြကွက်ရိတ်သိမ်းပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင် ပြုလုပ်သော ဆီထွက်သီးနှံ(နေကြာ) စံပြကွက်ရိတ်သိမ်းပွဲတက်ရောက်

 


ပုသိမ်  ဧပြီ  ၂၄


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ ကွင်းအမှတ်(၄၈)က၊ ဦးပိုင်အမှတ် ၅၈/၁ တောင်သူဦးမင်းဟိဏ်း၏ ဆီထွက်သီးနှံ(နေကြာ) စိုက်ဧက(၁၀)ဧကတွင်ပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ နေကြာ (Super Sun-41) စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော နေကြာဆီ၊ နေကြာပျားရည်၊ ဗေဒါမြေဆွေးပုံများနှင့် နေကြာစံကွက်ရိတ်သိမ်းမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ၂၀၂၅-၂၀၂၆ ဆောင်းရာသီတွင် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့ စိုက်ပျိုးမှုအခြေအနေများ၊ မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ စိုက်ပျိုးမှု အခြေအနေများ၊ နေကြာထွက်ရှိမှုနှင့် နေကြာဆီကြိတ်ခွဲရရှိမှုအခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး နေကြာတိုးတက်စိုက်ပျိုး၍ အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ အဆိုပါစံကွက်တွင် ဆောင်းသီးနှံနေကြာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုအထွက်နှုန်း ၄၆ တင်း၊ အခြောက်အထွက်နှုန်း ၄၅ တင်းနှုန်းထွက်ရှိခဲ့ရာ ယခင်နှစ်ထက် အထွက်နှုန်းတိုးတက်လာခဲ့ကြောင်း သိရသည်။


ကျော်ဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)