ထရမ့်က ရုရှား နဲ့ တရုတ်သမ္မတတွေရဲ့ နိုင်ငံရေး ပါဝါကို အားကျနေတာပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က ရုရှား နဲ့ တရုတ်သမ္မတတွေရဲ့ နိုင်ငံရေး ပါဝါကို အားကျနေတာပါ


ဧပြီ - ၃ ( ကြာသပတေးနေ့ )

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒီမီထရီ ကူလီဘာနဲ့ လီဂါနတ်သတင်းဝက်ဘ်ဆိုဒ်တို့ ရဲ့ မနေ့ကလုပ်တဲ့ အင်တာဗျူးမှာ ၎င်းက လက်ရှိအမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင့် နဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ရဲ့ နိုင်ငံရေးပါဝါ တွေလိုမျိုး ပါဝါကို အမေရိကန်မှာ တည်ထာင်ချင်နေတာပါလို့ ဆိုလိုက်ပါတယ်။ 

ထရမ့်က အာဏာစရကတည်းက သမ္မတဟာင်း ဘိုင်ဒန်ရဲ့ လုပ်ငန်းစဉ်တွေ တော်တော်များကို ပြောင်းပြန်လှန် ပစ်ခဲ့ပါတယ်။ လူပြော သူပြော များလာတဲ့အထိ ရုရှားနိုင်ငံနဲ့ ခြေပုန်းခုတ် ဆက်ဆံရေးတွေလုပ်ခဲ့ပါတယ်။ “လူကြိုက်မများတဲ့ ထင်မြင်ချက်တစ်ခုကို ကျနော်ပြောပြမယ်။ ထရမ့်က ကရင်းမလင်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်နေတာဗျ” လို့ ၎င်းက ဆိုသွားပါတယ်။ 

"ကျနော်ပြောပြမယ်၊ ထရမ့်က သူ့ကို လူတွေဘာပြောပြော ရုရှား နဲ့ပေါင်းဖို့အတွက်က အရေးကြီးနေတယ်။ သူတစ်ခုခု လုပ်ချင်နေတယ်။ ယူကရိန်းဆိုတာက သူ့အတွက် ဘာမှ မပြောပလောက်တဲ့ နိုင်ငံပါ။ စာရင်းထဲမှာကို မရှိပါဘူး။ လူတွေက ယူကရိန်းနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ သဘောထားအမြင်ကို သိချင်နေကြတယ်၊ တကယ်ဖြစ်နေတာက ထရမ့်ရဲ့စိတ်ထဲမှာ ယူကရိန်းက ရှိကိုမရှိတာပါ" လို့ အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ဖူးတဲ့ ကူလီဘာက ပြောသွားပါတယ်။ 

"ပြဿနာက ကမ္ဘာ့မီဒီယာတွေက ရုရှားကြိုက်ပြောတယ်ဆိုရင်ပဲ မကြိုက်ကြဘူး။ ရုရှားကို မကောင်းပြောမှ သူတို့က သဘောကျကြတာ။ ဒါပေမဲ့ သူတို့ရဲ့ ဘိုးအေကြီး ကိုယ်တိုင်က ဗလာဒီမာပူတင်ရဲ့ နိုင်ငံရေး ပါဝါမျိုး လိုချင်နေတာကို မသိကြဘူးဖြစ်နေတယ်။ ကျနော့်သဘောပြောရရင် ထရမ့်က ရုရှားရဲ့ အေးဂျင့်ပါဗျာ။ သူ့ရဲ့စိတ်ထဲမှာ တရုတ်သမ္မတ ရှီ နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ နိုင်ငံရေးပါဝါတွေကို ကြိတ်ကြိုက်နေတာလို့ပဲ ပြောချင်တယ်ဗျာ" လို့ ဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)