ကိုကိုးကျွန်း ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ လေတပ်စခန်းတွင် အခြေခံလေကြောင်းလူငယ်သင်တန်း အပတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ နံနက်(၉)နာရီအချိန်က ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၄)ဗျူဟာ စစ်ရေယာဥ်စု ရေယာဥ်စုမှူး ဗိုလ်မှူးကြီးကျော်သင်ခ၊ ရန်ကုန်တိုင်းစစ်ဌာဌချုပ် အမှတ်(၃)စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီးသန့်ဇင်ကျော်၊ ကိုကိုးကျွန်းမြို့နယ်၊ အမှတ်(၂၈) ရေတပ်အခြေစိုက်စခန်း စခန်မှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေဝင်း၊ ကိုကိုးကျွန်းမြို့နယ် လေတပ်စခန်း စခန်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းတက်ရောက်သူ ၃၀ ဦး ရှိကြောင်း သိရသည်။
ကိုကိုးကျွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment