မြန်မာနိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်တွင် ပိတ်မိနေသူတစ်ဦးအား အောင်မြင်စွာကယ်တင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်တွင် ပိတ်မိနေသူတစ်ဦးအား အောင်မြင်စွာကယ်တင်



နေပြည်တော်၊ ဧပြီ ၂

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင်   အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ယောက္ခမတော်စပ်သူ ကျန်းမာရေးဝန်ကြီးဌာန၊ ဌာနခွဲစာရေးကြီး(အငြိမ်းစား) ဒေါ်စန်းစန်းထွေး အသက် ၆၂ နှစ် ဖြစ်သူအား မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက ယနေ့  နံနက် ၈ နာရီ ၁၅ မိနစ်ခန့်မှ စတင်ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ၉ နာရီ ၁၅ မိနစ်ခန့်တွင် အသက်ရှင်လျက်အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။

မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်း/ပြည်ပ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အသက်ရှင်လျက် အမျိုးသား ၃၃၄ ဦး၊ အမျိုးသမီး ၃၁၅ ဦး၊ စုစုပေါင်း ၆၄၉ ဦးနှင့် သေဆုံးလျက် အမျိုးသား ၂၄၅ ဦး၊ အမျိုးသမီး ၂၅၆ ဦး၊ စုစုပေါင်း ၅၀၁ ဦးတို့အား ရှာဖွေကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)