မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ကာဇက်စတန်နိုင်ငံ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ကာဇက်စတန်နိုင်ငံ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့



နေပြည်တော်၊ ဧပြီ ၁၀

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ကာဇက်စတန်နိုင်ငံ သမ္မတ H.E. Mr. Kassym- omart Tokayev က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သည်။

မြန်မာနိုင်ငံသားများစွာ အသက် အဆိုပါ သဝဏ်လွှာတွင် မိမိအနေဖြင့် ဆုံးရှုံးခဲ့ရသည့် အဆွေတော်တို့နိုင်ငံ၌ ဖြစ်ပွားခဲ့သောဝမ်းနည်းဖွယ် ငလျင်သတင်းကို ကြားသိရသည်မှာ များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ယခုကဲ့သို့ ခက်ခဲသော အချိန်ကာလတွင် ချစ်ခင်ရသူများ ဆုံးရှုံးရသည့် မိသားစုများ၊ မြန်မာပြည်သူများ အတွက် ဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများ ဆောလျင်စွာ ပြန်လည်ကောင်းမွန်ပြီး မိသားစုနှင့် ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ဆုံဆည်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)