မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရေး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရေး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်






အထက်မင်းလှ၊ ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် ရဟန်းရှင်လူပြည်သူအများ သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့ည ၇ နာရီက မြို့နယ်အတွင်းရှိ သာသနာ့ဗိမာန်၊  ရွှေဘုန်းသာဘုရားဓမ္မာရုံ၊ဘုန်းကြီးကျောင်းများ၊ရပ်ကွက်၊ကျေးရွာ ဓမ္မာရုံများနှင့်ဌာနဆိုင်ရာရုံးများ၌ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာကြွရောက်တော်မူကြသော ဆရာတော်၊သံဃာတော်များ၊ ဧည့်ပရိ သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး လယ်ပြင်ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် နှင့် သံဃာတော်များက နိုင်ငံတစ်ဝန်းရှိရဟန်းရှင်လူပြည်သူအများသဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် ရတနသုတ်ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခဲ့သည်။ 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့သည်။အလားတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်ဌာနဆိုင်ရာရုံးများ ၊ရပ်ကွက်၊ ကျေးရွာများတွင်သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး ရတနသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)