တောင်ငူခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများအား တရုတ်မြေငလျင်ပညာရှင်များ ကွင်းဆင်းကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများအား တရုတ်မြေငလျင်ပညာရှင်များ ကွင်းဆင်းကြည့်ရှုလေ့လာ





တောင်ငူ   ဧပြီ  ၂၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း၌ (၂၈.၃.၂၀၂၅)ရက်နေ့မှ လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သော မန္တလေးမြေငလျင်ကြီးကြောင့် တောင်ငူခရိုင်အတွင်းရှိ ပြိုကျပျက်စီးမှုများကို စိစစ်လေ့လာရန်အတွက် တရုတ်မြေငလျင်ပညာရှင်များ Dr. Sun Baitao ဦးဆောင်သော အဖွဲ့ (၅)ဦး၊ စကားပြန်တစ်ဦး၊ မိုးလေဝသနှင့်ဇလ​ဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းတို့သည် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုလေ့လာသည်။


ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် တရုတ်မြေငလျင်ပညာရှင်များ Dr. Sun Baitao ဦးဆောင်သော အဖွဲ့ (၅)ဦး၊ စကားပြန်တစ်ဦး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများသည် (၂၃)ရပ်ကွက်၊ မိုးကောင်း၊ ချောင်းမရှင်စောဘုရားကြီး၊ ကုန်သည်ကြီးလမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းထောင့် လူနေအဆောက်အဦ ပြိုကျပျက်စီးခဲ့မှု၊ လူထိခိုက်သေဆုံးခဲ့သည့် ဝေဠုဝန်စာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှိ သိမ်တော်ပြိုကျပျက်စီးမှုနှင့် အမှတ် (၁၁)ရပ်ကွက်ရှိ ကန်တော်ဗလီပြိုကျပျက်စီးမှု၊ တောင်ငူတက္ကသိုလ်ရှိ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့မှုတို့ကို လိုက်လံကြည့်ရှုစိစစ်လေ့လာခဲ့ကြောင်း သိရသည်။


ဇော်ကိုကို (တောင်ငူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)