ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက်ကျင်းပ




ပုသိမ်၊ ဧပြီ ၁၄

၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပုသိမ်မြို့ ကမ်းနားလမ်းရှုခင်းသာရင်ပြင်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အမွှေးနံ့သာ အတာရေများ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်ခြင်းကို ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အလေ့အထဖြစ်သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းသောအားဖြင့် သနပ်ခါးလိမ်းသရုပ်ဖော်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေး‌နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်များတွင်လည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အေးချမ်းစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ရေကစားခြင်း၊ နှစ်သစ်ကူးတရားပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ ဇီဝိတဒါနငါးလွှတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)