တောင်းဆိုချက်အရ ရုရှားက ဆူဒန်နိုင်ငံရဲ့ ပဋိပက္ခမှာ ဝင်ရောက်ဖြန်ဖြေဖို့ ကြိုးစားမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်းဆိုချက်အရ ရုရှားက ဆူဒန်နိုင်ငံရဲ့ ပဋိပက္ခမှာ ဝင်ရောက်ဖြန်ဖြေဖို့ ကြိုးစားမယ်


ဧပြီ - ၁၂ ( သောကြာနေ့ ) 

မနေ့က ရုရှားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး မိုဟာမက်ဆီရာဂျ်က ရုရှားလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ်ခေးဘော်ဒါနော့ ကို တွေ့ဆုံခွင့်တောင်းဆိုပြီး ဆူဒန်နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ အရပ်သားပြည်သူများ အတွက် လူသားချင်းဆိုင်ရာ အကူအညီများ ပေးအပ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ 

ဆီရာဂျ် ၏ တောင်းဆိုချက်အရ ဆူဒန်ရှိ စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို အဓိက အာရုံစိုက်ကာ “အပစ်အခတ်ရပ်စဲရေးနှင့် အရပ်သားပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး” အရေးတကြီး လိုအပ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရုရှားနှင့် ဆူဒန်တို့ကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တိုးမြှင့်ရန် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပြုခဲ့ပါတယ်။ 

“ဆူဒန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ ရှင်းရှင်းလင်းလင်းနဲ့ တိုက်ရိုက်ပါဝင်ကူညီနိုင်မယ့် နယ်ပယ်အားလုံးမှာ ရုရှားနဲ့ အဓိပ္ပာယ်ပြည့်ဝပြီး အရေးကြီးတဲ့ မိတ်ဖက်ဆက်ဆံရေးကို ကျွန်တော်တို့ [ဆူဒန်] က မျှော်လင့်နေပါတယ်” ဟု ဆူဒန်သံအမတ်က ပြောကြားခဲ့ပါတယ်။ 

"မြို့တော် ခါတွမ်တွင် အဓိက စစ်ဆင်ရေး ပြီးမြောက်ခဲ့သော်လည်း အရပ်သားများအပေါ် အထူးသဖြင့် ဆူဒန်အနောက်ပိုင်း ဒါဖာဒေသတွင် အရပ်သားများအပေါ် ကျူးလွန်သည့် ချိုးဖောက်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်တပ်ဖွဲ့များ၏ အရေးပါပြီး လိုအပ်သည့် စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်" လို့ ၎င်းက ပြောပါတယ်။ 

ဆူဒန်သည်၂၀၂၃ ခုနှစ် ဧပြီလမှစတင်၍ အရပ်သားအုပ်ချုပ်ရေးသို့ ရပ်တန့်စေသော အသွင်ကူးပြောင်းရေး ကာလတွင် နှစ်ဖက်တပ်များကနိုင်ငံကို ထိန်းချုပ်ရန် အပြိုင်အဆိုင် တိုက်ခိုက်နေကြပါတယ်။  ဆူဒန်နိုင်ငံသည် အရံ ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) နှင့် ဆူဒန်စစ်တပ် (SAF) တို့ကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ် နေပါတယ်။ ပဋိပက္ခ၏ ပထမ ၁၄ လအတွင်း ခါတွန်ပြည်နယ်တစ်ခုတည်းတွင် လူပေါင်း ၆၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ခန့်မှန်းထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)