ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာရေးနှင့် ရေဖြန့်ဖြူးပေးဝေရေးအခြေအနေ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာရေးနှင့် ရေဖြန့်ဖြူးပေးဝေရေးအခြေအနေ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး




ရန်ကုန်  ဧပြီ  ၂၃


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်တစ်ဖက်ကမ်း အေးရွာ၊ ကလုံညွန့်၊ စက်ကလေးသမန်ဆိပ်နှင့် စက်ဆန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ အလတ်ချောင်းရပ်ကွက်၊ ကိုယ်ထူကိုယ်ထဈေးဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေး ဆိပ်ကြီး၊ ဦးမြ၊ ငါးစင်ရပ်ကွက်ရှိ ၅ ဧက မိုးရေစုကန် ရေသိုလှောင်ထားရှိမှုနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက်၊ ဗဟိုလမ်းရှိ အောင်မင်္ဂလာရေပေးဝေရေးစခန်း ရေဖြန့်ဖြူးပေးဝေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၇ နာရီခွဲက ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ၊ ကလုံညွန့်၊ စက်ကလေး သမန်ဆိပ်နှင့် စက်ဆန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီးနောက် အလတ်ချောင်းရပ်ကွက်၊ ကိုယ်ထူကိုယ်ထဈေးဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ် ဖွံ့ဖြိုးရေးလမ်းမကြီး ဘေး၊ ဆိပ်ကြီး၊ ဦးမြ၊ ငါးစင်ရပ်ကွက် အလျား ၄၉၅ ပေ၊ အနံ ၂၈၀ ပေ၊ အနက် ၁၈ ပေရှိ ရေဂါလံ (၁၄.၂၅)သန်းဆံ့ ၅ ဧက မိုးရေစုကန် ရေသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကန်ပတ်လည် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို မှာကြားသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက်၊ ဗဟိုလမ်းရှိ အောင်မင်္ဂလာရေပေးဝေရေးစခန်းသို့ သွားရောက်၍ အောင်မင်္ဂလာကန်တော် မိုးရေစုဆောင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်အတွင်း၌ ရေဖြန့်ဖြူးပေးဝေမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ရေဖိုး၊ ရေခ အပြည့်အဝရရှိရေး၊ ကန်ပတ်လည် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)