နေပြည်တော်၊ ဧပြီ ၁၇
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တေအီအက်စ်ကီ စီလက်ဆေ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် မန္တလေးနှင့် မြန်မာနိုင်ငံ၏ အချို့နေရာများတွင် မကြာ သေးခင်က လှုပ်ခတ်သွားသော ငလျင်ကြောင့် ပြည်သူအများအပြားသေဆုံးပြီး ပျက်စီး ဆုံးရှုံးခြင်းများအတွက် မိမိအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ယခုကဲ့သို့ ဆုံးရှုံးမှုများနှင့် ပူဆွေးနေရသည့်အချိန်တွင် မိမိအနေဖြင့် မြန်မာအစိုးရ၊ မြန်မာပြည်သူ များနှင့် အသက်ဆုံးရှုံးခဲ့ရသည့် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများ အမြန်ဆုံးသက်သာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဟု ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment