ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိသူများအတွက် စေတနာရှင်အလှူရှင်များမှ သွေးအိတ်များပေးပို့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိသူများအတွက် စေတနာရှင်အလှူရှင်များမှ သွေးအိတ်များပေးပို့လှူဒါန်း


နေပြည်တော်၊ ဧပြီ ၁၂

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ဒဏ်ရာရရှိခဲ့သော  လူနာများအတွက် ရည်ရွယ်၍ လှူဒါန်းသော သွေးအိတ်များကို သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)သို့ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က မြစ်ကြီးနားမြို့ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်  တာဝန်ရှိသူများ၊ သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ လွှဲပြောင်းလှူဒါန်းပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များ၊ လူမှုရေးပရဟိတနှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ တက္ကသိုလ်/ကောလိပ်များမှ အလှူရှင်များက ငလျင်ဒဏ်ကြောင့် ဒဏ်ရာ ရရှိခဲ့သည့် လူနာများအတွက် လှူဒါန်းကြပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်ဌာန၌ စနစ်တကျစစ်ဆေးအတည်ပြုထားသည့် သွေးအိတ်ပေါင်း(၄၀၀)ကို မန္တလေးပြည်သူ့ဆေးရုံသို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)မှ တာဝန်ရှိသူများထံသို့  စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။           


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)