ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ


နေပြည်တော်၊ ဧပြီ ၁၁

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည်မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပစ္စည်းများ တင်ဆောင်လာသည့် Air China လေကြောင်းမှလေယာဉ်သည် ယနေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိသည်။

အဆိုပါလေယာဉ်ဖြင့် ခြင်ထောင်များ၊ မိုးကာစများ နှင့်လူသုံးကုန်၊ စားသောက် ကုန်များ စုစုပေါင်း၁၄၅၆၂ထုပ်၊ ၉၀၈၉၃ Kg ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Economic& Commercial Counsellor ဖြစ်သူ Mr.Ou Yang Daobingနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ဆက်လက်၍ ဘရူနိုင်းနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ဘူရူနိုင်း တပ်မတော်လေယာဉ်သည် ယနေ့မွန်းလွဲ၃နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာရာယင်းလေယာဉ်ဖြင့် အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် ဆိုလာမီးအိမ်များ၊ အိပ်ယာလိပ်များ၊ စောင်များ၊ မိုးကာစများ စုစုပေါင်း (၁၀၈၀)လုံး၊ ၂၇၄၉ kg ပါရှိပြီး ရန်ကုန်မြို့သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။

အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင် ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင် ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည် တော်သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)