မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့





နေပြည်တော်၊ ဧပြီ ၃

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲ များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့ကြသည်။

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် မွန်ဂိုလီးယားနိုင်ငံ သမ္မတ KHURELSUKH UKHNAA ကလည်းကောင်း၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် Pak Thae Song ကလည်းကောင်း၊ မလေးရှားနိုင်ငံဝန်ကြီး ချုပ် ANWAR IBRAHIM ကလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

အဆိုပါ သဝဏ်လွှာများတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်အတွက် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံအတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း၊ မြေပြင်တွင် သက်စွန့်စံဖျား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့်အတူ ပြည်သူများ၏အသက်ကို ကယ်တင်ရန်အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး ကြိုးပမ်း မှုများတွင် အကူအညီပေးရန် နှစ်နိုင်ငံကြားသော်လည်းကောင်း၊ အာဆီယံမှတစ်ဆင့် သော်လည်းကောင်း မြန်မာနိုင်ငံသို့ပေးအပ်နိုင်သည့် အထောက်အပံ့များအားလုံးကို ပေးအပ်သွာမည်ဖြစ်ပါကြောင်း၊ မြန်မာ ပြည်သူများ ကိုယ်စားငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် များစွာစာနာ ထောက် ထားပါကြောင်း၊ မြန်မာပြည် သူများအနေဖြင့် ယခုကဲ့သို့ ခက်ခဲသည့်အချိန်ကာလကို အမြန်ဆုံးကျော်လွှားနိုင်ပြီး ၎င်းတို့၏ လူမှုဘဝကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအား ငလျင်ဒဏ်အပြီး ပုံမှန်အနေအထားသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိပါ စေကြောင်း၊ ငလျင်ကျ ရောက်ရာဒေသမှ ပြည်သူများဘဝ တည်ငြိမ်အေးချမ်းမှုရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးဒဏ်ခံစားနေရသည့် အချိန်ကာလတွင် အာဆီယံသည် မြန်မာပြည်သူများ အတွက် မှီခိုအားထားရသည့် မိတ်ဆွေကောင်းအဖြစ် ယုံကြည်စိတ်ချနိုင်ရန် ရှိနေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးအတွက်ဝမ်းနည်ဖွယ်ကာလတွင် အဖွဲ့အစည်းအားလုံး ၏ ကြိုးပမ်းအားထုတ်မှုများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကယ်ဆယ်ရေး၊ ခံစားရသည့်နာကျင်မှုများ လျော့ပါးသက်သာရေးနှင့် ထိခိုက်ပျက်စီးခဲ့ ရသည့် လူ့အသိုက်အဝန်းများ ပြန်လည်ထူထောင်ရေးအတွက် ဦးတည်ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်းတို့ဖြင့် အသီးသီးဖော်ပြထားကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)