ခရိုင်းမီးယား ကလွဲပြီး ကျန်တဲ့ နယ်မြေတွေ ကို မပေးရရင်ပြီးရောလို့ ဗြိတိန်နဲ့ ပြင်သစ်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရိုင်းမီးယား ကလွဲပြီး ကျန်တဲ့ နယ်မြေတွေ ကို မပေးရရင်ပြီးရောလို့ ဗြိတိန်နဲ့ ပြင်သစ်ဆို


ဧပြီ- ၂၄

၂၀၁၄ မှာ ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပြီး ပြည်သူ့ဆန္ဒကောက်ယူကာ ရုရှားနယ်မြေ ထဲကို ဆွဲသွင်းခဲ့ပါတယ်။ ၂၀၂၂ ယူကရိန်း- ရုရှား စစ်ဖြစ်တော့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ရုရှားက သိမ်းပြီးတော့ အရှေ့ပိုင်းမှာ  ယူကရိန်း ခွဲထွက်ရေးသမားတွေအတွက် လူဟန်နဲ့ ဒွန်းညက် သမ္မတ နိုင်ငံ ၂ နိုင်ငံ အဖြစ် တည်ထောင်ပေး လိုက်ပါတယ်။ 

ဥရောပ အင်းအားကြီး နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့က ဥရောပ လုံခြုံရေး အတွက် အာမခံချက် တစ်စုံတစ်ရာ ရရင် ရုရှား သိမ်းထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်က ပြဿနာမဟုတ်ဘဲ ကျန်တဲ့ မြေတွေကို ရုရှား က ယူကရိန်းကို ပြန်ပေးမယ်ဆိုရင် ရုရှား စိုးရိမ်တဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ ကိစ္စကို ပြန်သုံးသပ်မယ်ဆိုပြီး လမ်းဖွင့်ထားကြောင်း ဝေါစထရိဂျာနယ်မှာ ပါရှိပါတယ်။ 

လက်ရှိြဖ်စနေတဲ့ ယူကရိန်း - ရုရှား ပဋိပက္ခကနေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှောင်တော့မယ် ဆိုတဲ့ အရိပ်အမြွတ် ပြောလာပြီးနောက်မှာတော့ ပြင်သစ်နဲ့ ဗြိတိန်က အခုလိုမျိုး ပြောလာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဥရောပခေါင်းဆောင်များသည် ခရိုင်းမီးယားတွင် ရုရှား၏အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး လက်ရှိ ရှေ့တန်းတလျှောက် ရန်လိုမှုများကို အေးခဲစေ လိုနေပါတယ်။ ဗြိတိန်နှင့် ပြင်သစ်တို့သည် “ကိုရီးယားစစ်ပွဲကို ပြီးဆုံးစေသော အပစ်အခတ်ရပ်စဲရေးကဲ့သို့ တရားဝင် နယ်မြေအပြောင်းအလဲမရှိသော သဘောတူညီချက် တစ်ရပ်ကို နှစ်သက်နေတယ်”လို့ ဂျာနယ်က ဖော်ပြခဲ့ပါတယ်။  

မြောက်ကိုရီးယားနှင့် အမေရိကန်တို့မှ စစ်ဘက်အရာရှိများက ၁၉၅၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ အပစ်အခတ်ရပ်စဲရေးကို တောင်ကိုရီးယားက ဘယ်သောအခါမှ ထောက်ခံခဲ့ခြင်း မရှိကြောင်း၊ ပြုံယမ်းအစိုးရ၏ အခွင့်အာဏာကို ဆက်လက်ငြင်းဆိုနေဆဲဖြစ်ပါတယ်။ အဲ့ဒိတုန်းကလည်း အမေရိကန်က တောင်ကိုရီးယား သဘောမပါဘဲ အပစ်ရပ်ရေးကို လက်မှတ်ရေးထိုးခဲ့တာပါ။ 

ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက အင်္ဂါနေ့ကတင်ပြတဲ့ ထရန့်အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ပါဝင်သော အယူအဆအချို့ကို လူသိရှင်ကြား ပယ်ချခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ တိုးတက်မှုနှောင့်နှေးပါက အမေရိကန်သည် လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင် သွားမယ်လို့ သတိပေးခဲ့ပါတယ်။ 

မော်စကိုက အီးယူနှင့် ဗြိတိန်တို့သည် ထရမ့် ရဲ့ ကြားဝင်ဖြန်ဖြေရေး ကြိုးပမ်းမှုများကို အားနည်းစေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားပါတယ်။ ပဲရစ်နှင့် လန်ဒန်တို့က ရုရှားအစိုးရအနေနဲ့  မည်သည့်အခြေ အနေမျိုးတွင် မဆို လက်မခံနိုင်ဘူးလို့ ယူဆထားသောအချက်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းတွင် အနောက်အုပ်စုတပ်များ တပ်ဖြန့်ထားရန် အကြံပြုထားပါတယ်။ ယူကရိန်းမှာ အနာဂတ် စစ်ရေးအရ ပါဝင်ပတ်သက်မှု မှန်သမျှကို ဝါရှင်တန်က ငြင်းဆိုထားပြီး ဥရောပနိုင်ငံတွေက လုံခြုံရေးကို ကိုင်တွယ်သင့်တယ်လို့ အခိုင်အမာ ပြောပါတယ်။


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)