နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဝန်ထမ်းအိမ်ရာများနှင့် ယာယီရွှေ့ပြောင်းနေရာများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဝန်ထမ်းအိမ်ရာများနှင့် ယာယီရွှေ့ပြောင်းနေရာများအား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် အင်အားပြင်းထန်ငလျင်သင့်ခဲ့သည့် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် ယာယီရွှေ့ပြောင်း ထားရှိသည့်နေရာသို့ သွားရောက်ကြည့်ရှု၍ ဝန်ထမ်းမိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦဌာနမှစစ်ဆေးရေးအဖွဲ့များ၏ ပြန်လည်နေထိုင်ရန်သင့်ကြောင်း သတ်မှတ်ချက်အရ အိမ်ရာ များ၌ ပြန်လည်နေထိုင်လျက်ရှိသော ဝဏ္ဏသိဒ္ဓိအိမ်ရာ တိုက်(၁၊ ၂၊ ၃ နှင့် ၄)တို့ရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ သောက်သုံးရေရရှိရေး၊ စားသောက်မှု အဆင်ပြေစေရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဌာနမှ စစ်ဆေးရေးအဖွဲ့များ၏ ပြန်လည်နေထိုင်ရန်မသင့်ကြောင်း သတ်မှတ်ထားသည့် ပိတောက်အိမ်ရာ တိုက်(၆၀၃)၊ (၇၅၅)၊ (၇၅၆) နှင့် ဧက(၁)ထောင်အိမ်ရာတိုက်(၁၃၉၄)တို့ရှိ ဝန်ထမ်းနှင့်မိသားစုဝင်များအား ယာယီ ရွှေ့ပြောင်းနေထိုင်ရန် နေရာချထားပေးသည့် နယ်မြေခံသင်တန်းကျောင်းသို့သွားရောက်၍ ဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် သောက်သုံးရေ ဖူလုံစွာရရှိရေး၊ စားသောက်မှုအဆင်ပြေစေရေး၊ ဆေးဝါးကုသပေးရေး၊ လိုအပ်ချက်များဖြည့်ဆည်း ပေးရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြပ်မတ်ဆောင်ရွက်ရန်မှာကြား၍ မိသားစုဝင် များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)