ဧပြီ - ၂၁ ( တနင်္လာနေ့ )
ဂျာမနီနိုင်ငံအနေနဲ့ သုံးလို့ရရှိနိုင်သော သံချပ်ကာယာဉ်များနှင့် စစ်လေယာဉ်များရဲ့ ၃၀ ရာခိုင်နှုန်းကို ယူကရိန်းနိုင်ငံကို လှူဒါန်းသင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံတမန် အန်ဒရေး မယ်လ်နစ် က ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းကို ဆက်ပြီး ထောက်ခံမှာလားဆိုတဲ့ ကိစ္စက မသေချာမရေရာမှုတွေကြားထဲမှာ ရောက်နေတာဖြစ်လို့ ဥရောပ နိုင်ငံတွေရဲ့ အကူအညီကို မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာဖွေနေချိန်မှာ သူ့ရဲ့ ပန်ကြားချက် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
မယ်လ်နစ်က ၂၀၁၅ ခုနှစ်မှ၂၀၂၂ ခုနှစ်အထိ ဘာလင်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စနေနေ့က ဂျာမနီအဓိပတိအဖြစ် အရွေးခံထားရတဲ့ ဖရိုင်ဒရစ်ချ် မားဇ် သို့ အိတ်ဖွင့်ပေးစာပို့ခဲ့ပြီ ၎င်း၏အသနားခံစာကို မိန့်ခွန်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးဖော်ဆောင်သူတွေအနေနဲ့ ၂၀၂၅ ခုနှစ်အကုန်မှာ ဒီဆိုးဆိုးရွားရွားစစ်ပွဲကို ရပ်တန့်ဖို့က သင့်လက်ထဲမှာရှိပါတယ်” ဟု သူရေးသားခဲ့ပါတယ်။
မားဇ်က "ငြိမ်းချမ်းရေးအတွက် ရုရှားသမ္မတဗလာဒီမာပူတင်ကို ဖိအားပေး" ရန် လိုအပ်ကြောင်းကိုလည်း ပြောသွားပါတယ်။ မယ်လ်နစ်ရဲ့ အဆိုအရ ဂျာမနီက ၎င်း၏ သံချပ်ကာယာဉ်များနှင့် လေယာဉ်များ၏ ၃၀ % နဲ့ပတ်သက်ပြီး ယူရိုက်ဖိုက်တာတိုက်ဖွန်း ၄၅ စင်း၊ တော်နယ်ဒိုး တိုက်လေယာဉ် အစင်းရေ ၃၀ ခန့်၊ လီယိုက်ပတ် ၂ ပင်မတိုက်ပွဲဝင် တင့်ကား ၁၀၀ နှင့် ပူးမား ၁၁၅ စီး အပြင် မာဒါ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၁၃၀ စီးတို့ ကို ယူကရိန်းသို့ လှူဒါန်းသင့်တယ် လို့ သိရပါတယ်။ အဲ့ဒါအပြင် တော့ရပ် ခရုဇ်ဒုံးကျည် ၁၅၀ ကိုလည်း ပေးပို့ရန် ဘာလင်အစိုးရထံ တောင်းဆိုထားပါတယ်။
မယ်လ်နစ်က ဂျာမနီရဲ့ စုစုပေါင်းဝင်ငွေ GDP ၏ ၀.၅ % သို့မဟုတ် နှစ်စဉ် ယူရို ၂၁.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ 24.5 ဘီလီယံ) ကို ယူကရိန်းအား ၂၀၂၉ ခုနှစ်အထိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုပေးရန်အတွက် တိုက်တွန်းလိုက်ပါတယ်။ "ဤရန်ပုံငွေများကို ဂျာမနီနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးတွင် ခေတ်မီလက်နက်များ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံသင့်သည်" ဟု ရေးသားခဲ့ပါတယ်။ ရုရှားအတွက် ကြီးမားသော သတိပေးချက် အချက်ပြမှုအဖြစ် အီးယူတစ်ဝှမ်းတွင် ၀.၅ % စံနှုန်းကို လက်ခံကျင့်သုံးရန်လည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment