ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
















ပဲခူး၊ ဧပြီ ၂၈

 ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ အဆိုပါအဆောက်အုံ၌ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ကြသည်။

 ရှေးဦးစွာ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ လူရည်ချွန် မခြူးတိမ်လွှာထက်နှင့် ထူးချွန်အားကစားသမား မမေဟန်နီနီအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 ထိုနောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်တို့က လူငယ်စင်တာ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူငယ်စင်တာကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။ 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို၊ လူငယ်စင်တာအဆောက်အဦ၌ ပါဝင်သည့် GYM ခန်းမ၊ အနုပညာ(ဂီတ)ခန်းမ၊ စာကြည့်တိုက်၊ ရုံးခန်း၊ ကွန်ပျူတာခန်းမ၊ အနုပညာ(ပန်းချီ)ခန်း၊ သက်မွေးသင်တန်းခန်းတို့အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

 ယင်းနောက် လူငယ်စင်တာဖွင့်ပွဲ အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူး တက္ကသိုလ်ကျောင်းသား/သူများက “လူငယ်စွမ်းရည်”သီးချင်းဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့ကြသည်။

 ထိုနောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့် ယခုဖွင့်လှစ်ခဲ့သည့် လူငယ်စင်တာအား အကျိုးရှိရှိ အသုံးချပြီး နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်နိုင်သော ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားရင်း ဖွံဖြိုးတိုးတက်တဲ့ လူ့အဖွဲအစည်းကို ဖန်တီးပုံဖော်ရာတွင် အားကြိုးမာန်တက် ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်စင်တာနှင့်ပတ်သက်၍ နှုတ်ဆက်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတိုက ဘင်ခရာ၊ ပန်းပွားနှင့် သီဆိုဖျော်ဖြေခဲ့သော အဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)