သင်္ကြန်ပိတ်ရက်များအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်ပိတ်ရက်များအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးမည်


နေပြည်တော်၊ ဧပြီ ၁၀

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေကြေးစီးဆင်းမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ယမန်နေ့က Video Conferencing ဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (MFS) များမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်သူများ ငွေသားထုတ်ယူမှု လွယ်ကူအဆင်ပြေစေရေးအတွက် ATM များတွင် ငွေသားလိုအပ်ချက်ပံ့ပိုးနိုင်ရေး၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲအစည်းများအလိုက် ရုံးပိတ်ရက်ရှည်များတွင် အဖွဲသုံးဖွဲခွဲ၍ အလှည့်ကျတာဝန်များ ချမှတ်စီစဉ်ရေး၊ ဘဏ်နှင့် ငွေကြေးလုံခြုံမှုအတွက် လုံခြုံရေးအစီအစဉ်များချမှတ်ရေး၊ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သီးခြားဆောင်ရွက်ပေးမည့် အစီအစဉ်များတင်ပြရေး၊ နိုင်ငံခြားငွေကိစ္စရပ်များအပါအဝင် ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပြောင်းငွေများ အခက်အခဲမရှိ ပြန်လည်ထုတ်ပေးနိုင်ရေး၊ အင်အားပြင်းငလျင်ဒဏ်ခံရသည့် နေရာများရှိ ပြည်သူများ ဘဏ်ဝန်ဆောင်မှုလွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရန် ပံ့ပိုးပေးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းငွေများ (မြန်မာ ကျပ်/ နိုင်ငံခြားငွေ) လွှပြောင်းဝင်ရောက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စက်သုံးဆီဆိုင်များအပါအဝင် အခြားလက်လီ/လက်ကား ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် မြန်မာကျူအာ (MMQR) အသုံးပြု၍ လွယ်ကူစွာငွေပေးချေနိုင်ရေးဆောင်ရွက်ပေးမည့် ကိစ္စများနှင့် သင်္ကြန်ပိတ်ရက်များအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးမည့်အစီအစဉ်များနှင့် ဗဟိုဘဏ်က ငွေကြေးပံ့ပိုးပေးမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ တာဝန်ရှိသူများက သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဘဏ်ဝန်ဆောင်မှုများကို အခက်အခဲမရှိ ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ဗဟိုဘဏ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)