MYANMAR SWAT INTERNATIONAL SECURITY GROUP မှ ပျဉ်းမနားမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MYANMAR SWAT INTERNATIONAL SECURITY GROUP မှ ပျဉ်းမနားမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း


နေပြည်တော်၊ ဧပြီ ၁၀

MYANMAR SWAT INTERNA-TIONAL SECURITY GROUP မှ တာဝန်ရှိသူများသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းကြသည်။

ယမန်နေ့က MYANMAR SWAT INTERNATIONAL SECURITY GROUP ဥက္ကဋ္ဌ Mr. Duan Zheng Li ဦးဆောင်သောအဖွဲသည် ပျဉ်းမနားမြိုအတွင်းရှိ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စု ၁၅၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ နီ၊ ငါးခြောက်၊ ဝက်အူချောင်းနှင့် ရေသန့်များကို ငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်လှူဒါန်းကြသည်။

MYANMAR SWAT INTER-NATIONAL SECURITY GROUP အနေဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ MYANMAR SWAT INTERNATIONAL SECURITY GROUP ဥက္ကဋ္ဌ Mr. Duan Zheng Li က “ကျွန်တော်တို့ ကုမ္ပဏီက လက်ရှိမြန်မာပြည်မှာ နှစ်နှစ်ဆယ်သက်တမ်းရှိနေပါပြီ။ ကုမ္ပဏီရဲ့ အဓိကလုပ်ငန်းတွေက မွေးမြူရေး၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ပါဝင်ပါတယ်။ မတ် ၂၈ ရက်က အင်အားပြင်းငလျင်တစ်ခု လှုပ်သွားတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အရာရှိပိုင်းတွေ စုစည်းပြီးတော့ အစည်းအဝေးတွေ လုပ်ခဲ့တယ်။ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ဘယ်လိုတွေကူညီနိုင်မလဲဆိုတာ စဉ်းစားခဲ့ပါတယ်။ ထိခိုက်မှုရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက်နဲ့ ပြည်သူတွေအတွက်ပါ ကုမ္ပဏီဘက်ကနေ ဘယ်လိုသွားရောက်ကူညီရမလဲဆိုတာ အရင်ဆုံးစဉ်းစားဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပထမဆုံးသောက်ရေနဲ့ လျှပ်စစ်မီးလိုအပ်ချက်ရှိတဲ့ အချိန်မှာ သောက်ရေသန့်တွေကို ဦးစားပေးဝယ်ယူခဲ့တယ်။ ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ စားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ပြီးတော့ နေပြည်တော်ကို လာခဲ့ပါတယ်။ နေပြည်တော် အတွင်းမှာရှိတဲ့ ကူညီထောက်ပံ့လိုရတဲ့ နေရာတွေကို သွားရောက်ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေကူညီခဲ့ပါတယ်။ စားသောက်ကုန်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အမှန်တကယ်လိုအပ်နေတဲ့ ဝန်ကြီးဌာန တော်တော်များများကို ပစ္စည်းတန်ချိန် ၁၀၀၀ ကျော်ကို သွားရောက်လှူဒါန်းခဲ့ပြီးပါပြီ။ ဆက်လက်ပြီး ငလျင်ဘေးဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်ကိုလည်း နောက်ရက်တွေမှာ သွားရောက်လှူဒါန်းဖို အစီအစဉ်လည်းရှိပါတယ်။ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ယာယီနေထိုင်လိုရမယ့် ယာယီမိုးကာ တဲတွေကိုလည်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောက်လုပ်သွားဖို ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအားလုံး လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို အမြန်ဆုံးကျော်လွှားနိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်” ဟု ပြောကြားသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)