နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့်တွေဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့်တွေဆုံဆွေးနွေး





နေပြည်တော်၊ ဧပြီ ၄

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင်ယနေ့ဒေသ စံတော်ချိန်မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်၌ စတုတ္ထ အကြိမ်မြောက် ဘင်းစတက်အမျိုးသားလုံခြုံရေးညီလာခံကို အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့်ဘင်းမ်းစတက်အဖွဲ့အတွင်း တတ်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်အစည်းအဝေး ကိုအောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှုနှင့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ဖူလုံရေးကဏ္ဍအတွက် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများတက်ရောက် ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)