ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများကို ဖမ်းဆီးရာတွင် ကလေးငယ်များ ပါဝင်ကြောင်း PDF အကြမ်းဖက်သမား ဝန်ခံပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများကို ဖမ်းဆီးရာတွင် ကလေးငယ်များ ပါဝင်ကြောင်း PDF အကြမ်းဖက်သမား ဝန်ခံပြောဆို




ကျိုက်ထို၊ ဧပြီ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးရန် လာရောက်သည့် ပြည်သူများအား ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDFအမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဒေသခံပြည်သူ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၄၈ ဦးတို့သည် ကင်မွန်းချောင်း ကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDFအမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်ကိုယ်စီဖြင့် ခြေလျင်ရောက်ရှိလာပြီး ဘုရားဖူးလာသည့် ခရီးသည်များအား Light Truck ၂ စီးပေါ်သို့ အတင်းအဓမ္မ တင်ဆောင်၍ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ ခရီးသည် ၄၈ဦး အနက် ၄၃ဦးတို့အား ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် တွင် ဝင်းကံကျေးရွာ မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသား ၅ ဦးတို့အား သီးခြားခွဲထုတ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ တွေ့မြင်ရသည့် PDF အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားသည့် သတင်းများတွင် သီးခြားခေါ်သွားသည့် ၅ဦးကို ပျူစောထီးခေါင်းစဉ်တပ်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အကြမ်းဖက်လှုံ့ဆော်မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

PDF အကြမ်းဖက်သမား အေးမင်းထွန်း က ဝန်ခံပြောဆိုထားရာတွင် “ပျူစောထီးများက အနည်းငယ် ခုခံခဲ့ပြီး၊ သူတို့ မိသားစုများ၊ ကလေးငယ်များ၊ မိန်းမ တွေလည်းပါတယ်။ အားလုံးကို လုံခြုံရေးအရ သူ့လုံခြုံရေး၊ ကိုယ့်လုံခြုံရေး မသဲကွဲသေးတဲ့အထိ လတ်တလော ခေါ်ဆောင်ခဲ့တယ်” ဟု ပြောဆိုထားသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် ယခင်ကလည်း ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ယခုအခါ ကလေးငယ်များကိုပါ ပြန်ပေးဆွဲခေါ်ဆောင်သွားသည့်အပေါ် ပြည်သူများက ရွံရှာဆက်စုပ်လာကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)