တောင်ခမ်းဒေသတွင် တပ်မတော်သားများကို လာရောက်တိုက်ခိုက်သည့် TNLA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၁လောင်း ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ခမ်းဒေသတွင် တပ်မတော်သားများကို လာရောက်တိုက်ခိုက်သည့် TNLA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၁လောင်း ရရှိ




နောင်ချို၊ ဧပြီ ၂၁

တောင်းခမ်းဒေသရှိ လခရစခန်း ၁ ခုအား ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းအချိန်က TNLA အကြမ်းဖက်အဖွဲ့မှ  အလစ်အငိုက်လာရောက် တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ရန်သူမှာ အလောင်း/လက်နက်များ ဆွဲ၍ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် တပ်မတော်သား ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ (၁) TNLA အကြမ်းဖက်သမား ၁ လောင်း၊ ကျည်အိမ်/ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့သည်။

ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားစဉ် KIA, TNLA လက်နက်ကိုင် သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များက အလစ်အငိုက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)